သက်တံ့အယ်ဒီတာအဖွဲ့။ စက်တင်ဘာလ ၁၅ ရက်နေ့၊ ၂၀၁၁ခုနှစ်။

၂၀၁၁ ခုနှစ် ဟောင်ကောင်မှာ ကျင်းပပြုလုပ်မယ့် မစ္စတာဂေး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ အလှမောင်တွေကို ဘယ်သူမဆို အွန်လိုင်းကနေ မဲပေးလို့ ရပါပြီ။ အွန်လိုင်းကနေ ရရှိမဲ့ မဲအရေအတွက်က နောက်ဆုံးအမှန်ရဲ့ နှစ်ဆယ်ရာခိုင်နှုံးကို ကိုယ်စားပြုမယ်ဆိုတော့ ပါဝင်ယှဉ်ပြိုင်တဲ့ အလှမောင်တွေကလဲ သူတို့ကို မဲပေးဖို့ ဗီဒီယိုကလစ်လေးတွေ ဖွင့်ထားပြီး မဲဆွယ်ထားတာတွေကို www.mrgayhongkong.com/vote/ ဒီဝက်ဆိုက်လေးမှာ တွေ့မြင်နိုင်ပါလိမ့်မယ်။
ဒီနှစ်မှာ ဟောင်ကောင်ရဲ့ မစ္စတာဂေးဆု ရရှိတဲ့သူဟာ ဟောင်ကောင် လိင်တူချစ်သူတွေကို ကိုယ်စားပြုတဲ့ သံတမန်အနေနဲ့ တာဝန်ယူပြီး လူထုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ရမှာ ဖြစ်ပြီး ၂၀၁၁ ခုနှစ် တောင်အာဖရိကနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် မစ္စတာ ကမ္ဘာ့ဂေးပြိုင်ပွဲမှာ ဟောင်ကောင်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မနှစ်က ဆုရရှိခဲ့တဲ့ Heiheo Yau ကတော့ ဟောင်ကောင်ကျောင်းတွေမှာ ဂေးတွေကို လှောင်ပြောင်စော်ကားတာတွေ ရပ်တန့်ဖို့ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။
အွန်လိုင်းမဲပေးတာကို အောက်တိုဘာလ ၁၅ ရက် ခြောက်နာရီအထိ ခွင့်ပြုထားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ Bisous, 9/F LKF Tower, 33 Wyndham Street, Central, Hong Kong မှာ ခမ်းခမ်းနားနား ကျင်းပမယ်လို့ သိရပါတယ်။
တကယ်လို့များ ဘယ်သူတွေ ဘယလိုပြောထားလဲ ဆိုတာသိချင်လို့ဖြစ်စေ၊ အွန်လိုင်းကနေ ကိုယ်သဘောကျတဲ့သူကို မဲပေးချင်ရင်တော့ www.mrgayhongkong.com/vote/ ကိုသာနှိပ်ပြီး စိတ်ကြိုက် မဲပေးလို့ ရနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

Source: www.mrgayhongkong.com
| < Prev | Next > |
|---|

သတင်းဆောင်းပါး 

